Cover Song တွေကို တီးတာက ကိုယ်ပိုင်သံစဥ်တွေရေးဖို့ နဲ့ ဆိုဖို့အတွက် အရေးကြီးတဲ့အလေ့အကျင့် လမ်းစပဲ။ သူများဘာလုပ်ထားလဲ အရင်လေ့လာကြည့်ပြီးမှ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာ သိအောင်မွေးမြူရတာပဲ။ ဘယ်သီချင်းရေး ဆရာမှ ကိုယ်ပိုင်သီချင်းနဲ့ စပြီး ဂစ်တာတွေ စခေါက်တာ မဟုတ်ဘူး။ တူရိယာတွေ စတီးတာမဟုတ်ဘူး။ ရှိပြီးသားသံစဥ်တွေ သီချင်းတွေကိုနားထောင်ရင်း လေ့ကျင့်ရင်းနဲ့မှ ကိုယ်ပိုင်သံစဥ်တွေကို ဖန်တီးကြရတာ။
ဟိုး ကမ္ဘာဦး အစကဆိုရင်တောင် သစ်ရွက်လှုပ်သံ၊ လေတိုးသံ၊ ငှက်အော်သံ တွေကို တုပ နားထောင်ပြီးမှ ဂီတကို ဖန်တီးခဲ့ကြရတာဖြစ်တယ်လို့ ကျွန်တော်ယုံတယ်။ တူရိယာတွေ မရှိသေးတဲ့အချိန်မှာ လက်ခုပ်တီးတာ ၊ လေချွန်တာ ၊ သစ်တုံးတွေကို ခေါက်ပြီး အသံလုပ်တာ နဲ့ စခဲ့တာလို့ ကျွန်တော်ယုံတယ်။ ဒါတွေ ခဏထားပါ ကျွန်တော် သမိုင်းဆရာမဟုတ်တော့ အချက်အလက်အမှားတွေ ပေးမိမှာ စိုးတယ်။ ကျွန်တော်ဆိုလိုချင်တာ က ရှိပြီးသား အသံတွေ အရာတွေကိုသုံးပြီးတော့မှ ပဲ လူသားတွေဟာ ကိုယ်ပိုင်သံစဥ်ကို ဖန်တီးဖို့ လေ့ကျင့်ယူရတာ ဆိုတဲ့ သဘောတရားပါ။ အရှိတရားပါ။
- Episode (5)
- Cover Song is a path to create own tunes
- Songwriter’s Notes Podcast
—————————————-
ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။
သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ
ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲ
သီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။
အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။
Spotify : https://open.spotify.com/show/2I89umbgPOB73PXzgIp1JK?si=e-jhjWPfSL2M_0-OoBf6Ng&utm_source=copy-link
Youtube : https://www.youtube.com/wiramoenay
Facebook : https://www.facebook.com/wrmoenay
#songwritersnotes #songwriting #wiramoenay #coversongs #podcast #episode5 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း