Songwriter's Notes copertina

Songwriter's Notes

Songwriter's Notes

Di: Wi Ra Moe Nay
Ascolta gratuitamente

Offerte di stagione | 0,99 €/mese per i primi 3 mesi

A seguire 9,99 €/mese – si applicano condizioni. Puoi disdire mensilmente.
ဒီ Podcast ဟာ သီချင်းရေးတဲ့အကြောင်းတွေကို ပြောဖို့ ရည်ရွယ်ရင်းနဲ့ လုပ်ဖြစ်တဲ့ Podcast ဖြစ်ပါတယ်။ လူချင်းအပြင်မှာဆုံဖို့ အကန့်အသတ်တွေတဖြေး‌ဖြေးများလာတဲ့ကာလတွေမှာ သီချင်းတွေအကြောင်းပြောရတာကို သဘောကျတဲ့သူတွေအချင်းချင်း အပြန်အလှန်ဆွေးနွေးလို့ရမယ့် ရပ်၀န်းတစ်ခုအဖြစ်လည်း ရည်ရွယ်ပါတယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲ သီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။Wi Ra Moe Nay Musica
  • Episode(4) - “ဒီသီချင်းနဲ့ဆင်နေသလား”
    Oct 18 2026
    လူတွေမှာလည်း ရုပ်ချင်းဆင်ကြတဲ့လူတွေ ရှိသလို ပဲပေါ့။ သီချင်းတွေမှာလည်းဆင်တာတွေရှိတာပေါ့။ သီချင်းတွေအများကြီးနားထောင် ဖြစ်တဲ့အခါကျတော့ နားထောင်နေတဲ့ တချို့ သီချင်းတွေတစ်ပုဒ်နဲ့ တစ်ပုဒ်ကိုတောင် ဆင်တူယိုးမှားကြီး ဒါကြီး က ဒီဟာနဲ့ ဟိုဟာ နဲ့တူနေတယ်လေလို့ ခဏခဏဖြစ်တယ်။ 'ငါနင့်ကို ချစ်တယ်' ဆိုတဲ့ စကားလုံးကို လူတိုင်း သုံးကြပေမဲ့ ပြောတဲ့သူရဲ့ အသံနေအသံထား၊ အခြေအနေနဲ့ ခံစားချက်ပေါ် မူတည်ပြီး အဓိပ္ပာယ် ကွဲပြားသွားသလိုပေါ့ဗျာ...။ ကျွန်တော်လည်း သီချင်းတွေရေးနေတာပဲ သွားပြီးတူတဲ့ဟာ မျိုးတွေ အများကြီး ရှိတာပေါ့။ တိုက်ရိုက်ကြီး တူနေတဲ့ဟာမျိုးတွေဆိုရင် ကျွန်တော်ပြန်ပြောင်းတယ်။ ပြင်တယ်။ မသိစိတ်က လွှမ်းမိုးခံရပြီး ပါသွားတဲ့ဟာတွေကို တော့ ကျွန်တော် မသိဘူး။ ငါနင့်ကိုချစ်တယ် လို့ ပြောတဲ့ပုံစံကို ဘာသာစကားအရ သူများနဲ့ မတူအောင် ကျွန်တော်ပြော နိုင်ဖို့ ကြိုးစားတယ်။ သံစဥ်အရသူများနဲ့ မတူဘဲ ထူးခြားအောင် ပေါင်းစပ်တင်ပြနိုင်အောင်ကြိုးစားတယ်။ ရိုးသားမှုအခြေခံပြီး ကြိုးစားဖို့ပဲ။ Chord Progression တွေ တူနေရင် သံစဥ်အယူအဆတွေ ဆင်သလိုရှိနေတာတွေ က ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော် ရှေ့အပိုင်းမှာ ပြောခဲ့သလို Inspiration အနေနဲ့ဖြည့်တွေးလိုက်လို့ ရတယ်။ Reference အနေနဲ့ ဖြည့်တွေးလိုက်လို့ ရပါတယ်။သံတူကြောင်းကွဲ ဘာသာစကားမှာရော ဂီတ မှာ ရုပ်ရှင်မှာရော ကဗျာမှာရော အများကြီးပဲ။Fear of similarity ကြောင့်ကိုယ့်ရဲ့ Creativity နဲ့ Writing ကို Block မဖြစ်စေချင်တာပါပဲ။———————-ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။ အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Spotify : https://open.spotify.com/show/2I89umbgPOB73PXzgIp1JK?si=e-jhjWPfSL2M_0-OoBf6Ng&utm_source=copy-linkYoutube : https://www.youtube.com/wiramoenay Facebook : https://www.facebook.com/wrmoenay #...
    Mostra di più Mostra meno
    14 min
  • "ပါရမီရှင်လိုလည်းသီချင်းရေးပါ၊ လေ့ကျင့်ရေးကွင်းဆင်းနေသူလိုလည်းတွေးပါ"
    Oct 15 2026

    ဘောလုံးသမားတွေ၊ လက်‌‌ေ၀ှ့သမားတွေ၊ အင်ဂျင်နီယာတွေ၊ ဒါရိုက်တာတွေ၊ ကင်မရာမန်းတွေ၊ သရုပ်ဆောင်တွေ၊ နောက်ဆုံးစီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ လုပ်နေတဲ့ဟာတွေ ပုံမှန်အတိုင်းလုပ်နေနိုင်ဖို့ အိပ်နေလို့မရဘူး။ အမြဲတမ်းအဆက်မပြတ်အောင် လေ့ကျင်နေရတယ်။ လေ့လာ လိုက်စားနေရတယ်။ ဘောလုံးသမားတွေဟာ ဘောလုံးကွင်းထဲမှာ Training ဆင်းတယ်။ လက်‌ေ၀ှ့ သမားတွေဟာ Gym သွားတယ် ကြိုး၀ိုင်းထဲမှာ ထိုးကွက်သတ်ကွက်တွေကို လေ့ကျင့်ရတယ်။ သူတို့က ပါရမီရှင်တွေပါပဲ ဒါပေမယ့်အစဥ်တစိုက် လေ့ကျင့်မှု နှင့် လေ့လာမှု မရှိတဲ့အခါ အဲ့ဒီပါရမီရှင်တွေက ဘယ်တော့မှမတည်မြဲဘူး။


    ပါရမီဆိုတာကို ကျွန်တော်တော့ စိတ်ပါ၀င်စားမှု စိတ်အားထက်သန်မှုက ရေရှည်စူးစိုက်အားထုတ်နိုင်မှုအပေါ် အခြေခံတယ်လို့ မြင်ကြည့်ချင်တယ်။ငယ်ငယ်တည်းကစိတ်ပါ၀င်စားတဲ့အရာတွေကို တစိုက်မတ်မတ်လုပ်လာရင်းနဲ့ အဲ့ဒါတွေက တစ်နေ့ တကယ်ဖြစ်လာနိုင်တဲ့သဘောမျိုးပေါ့။ သီချင်းရေးတဲ့သူတွေဆိုတာလည်း အဲ့လိုပဲ၊ ပါရမီရှိမယ်၊ ဖီလင်လာတဲ့အချိန် ရှိမယ်၊ အနုပညာဖန်တီးမှုတွေကို လေ့လာ နေတဲ့အချိန်ရှိမယ်။ တကယ်ဖန်တီးတဲ့အချိန်လည်းရှိမယ်။ ဖန်တီးတဲ့အခါမှာလည်း ပါရမီရှင်လိုလည်း ရေးတာ တစ်ဖက် လေ့ကျင့်ရေးကွင်းဆင်းနေတာလို့ သဘောထားပြီးရေးနေတာကတစ်ဖက်ပေါ့။


    -Episode 3

    -Talent or Passion?

    -Songwriter's Notes Podcast

    ----------------------------------------

    ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး​နွေးချင်တဲ့အ​ကြောင်းအရာ​တွေကိုလည်း Comment Box က​နေ တစ်ဆင့် ဆွေး​နွေးထားလို့ရပါတယ်။ အပိုင်းသစ်​တွေ​အတွက် ကျွန်​တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Youtube : https://www.youtube.com/wiramoenay Facebook : https://www.facebook.com/wrmoenay #songwritersnotes #songwriting #wiramoenay #musiclistening #podcast #episode2 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း

    Mostra di più Mostra meno
    15 min
adbl_web_anon_alc_button_suppression_t1
Ancora nessuna recensione